ပဂျင်းချေတကောင်ရာ
===========
နခမ်းစူစူ
ဝမ်းပူပူနန့်
ထုံထိထုံထုံ
ပဂျင်းချေတကောင်ရာ...။
ဒေချောင်းဒေရီ
ဒေကမ်းတလျှောက်
ပြာတောပြူးတော
ကဘိုင်တောတိ
တတောဝင်တတောထွက်
ဆလီခြုံအောက်မှာ ကဇတ်
ဖြားရီအတက်
ကူးလို့လာလို့ မြူးဖူးယင့်...။
ငရို့ချစ်တေ ဒေကမ်းရိုးမှာ
ကံဆိုးမိုးမှောင် တရက်နိခါ
တငါသည်တရွီဝင်ပျာယ်လာ
ခြုံချချင်ချ ပိုက်တန်းချင်တန်း
မျှားချချင်ချနန့်
ဗလဗွီသတ်ပျာယ်
အဆီကိုယက်
အသားကိုဆို့
အရိုးတောင်မျို
ပြားတောပါဖျက်လို့
ချင်ဆီပျင်ကေ
ငရို့တိမှာ ဒုက္ခအတိ...။
ငါ့မှာက
ဖြားတက်ဖြားကျ
အီးလောက်အောင်
အဆိပ်စူးလည်းမဟိ
ငမန်းတိပိုင်
မြင်စွာနန့်ကြောက်လောက်တေ
အစွယ်လည်းမပိုင်
ပတုန်းနန့် ဘုန်းဘုန်းသတ်လို့
သီလောက်တေ
မီကျောင်းလည်း မဟုတ်...။
ယေကေလည်း
ငါချစ်တေ ဒေကမ်းက
ငါ့မျိုးတိရာ အီးချမ်းဖို့ဆို
မျိုးချစ်စိတ်နန့် သန္ဓေတည်
နာကျည်းမှုတိစီးဝင်နီရေ
ငါ့အသည်းအစွမ်းနန့်
ယင်းအမျိုးယုတ်တိ
တစင်လုံးပြို
တခြုံလုံးစင်
တစိုင်လုံးပြုန်း
တဇင်းလုံးမြုပ်နိုင်ရေဆိုစွာ
ချထားရေငါးစာ
မျှားပါမှန်းသိကေလည်း
ပြလိုက်ချင်ယင့် --။
(ကိုမင်း)
Saturday, May 9, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment