ဘ၀င်မမြင့်ကဲ့ ကျွန်ရာ
===========
ချမ်းသာလိုက်ပါဘိ
သိန်းသန်းကုဋေ
ဘဝင်မြင့်ဖို့မပျင်ကဲ့
ရခိုင်မှန်ကေ ကျွန်ရာ..။
လှလိုက်ပါဘိ
ရုပ်ရည်ရူပကာ
အလှမာန်မဝင့်ကဲ့
သဇင်ချေ…
ရခိုင်မှန်ကေ ကျွန်ရာ..။
တတ်လိုက်ပါဘိပညာ
ဘွဲ့တသီတတန်းနန့်
ပညာဂုဏ်မမောက်ကဲ့
အမောင်..
ရခိုင်မှန်ကေ ကျွန်ရာ..။
ဝလုံးခေါင်းထဲကလ
ပရေလို့ဟိလာ
စစ်မှန်ရေဂုဏ်
ခံစားဝင့်ကြွားနိုင်ဖို့
ကျွန်ဘဝကလွတ်အောင်
လက်တွဲချိတ်ထား
ကြိုးစားပါ ညီနောင်အပေါင်းရို့..။
မျိုးမြတ်လင်း (Myo Mrat Lunn)
Saturday, May 9, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment