Saturday, May 9, 2015

ရခိုင်ကဗျာတိုများ

ရခိုင်ကဗျာတိုများ
========

သူရို့ကြောင့်
======
ရခိုင်သမ
ကျသည့်မျက်ရည်
မြစ်ပင်လယ်သို့ မိုးရီသို့ --။

အံကြိတ်သံ
===========
မိုးကောင်းတုန်းခါ
ရွာရာရွာ --။


ဝဋ်
========
မချစ်သော်လည်း
ပေါင်းဖော်ရသည်
အိမ်ကပီးစပ်ပါသောကြောင့် --။

ကံ
======
မတရစ်ကဲ့
ခစ်လိမ့်မည် --။

ဝကန်
=======
ရကေ ချီကျူး
မရကေ ချလူး --။

ဝကန် (၂)
======
စွတ်ကေထ
သွိကေထိုင် --။

ဝကန် (၃)
======
ကြမ်းပိုးကို
ဖျစ်လည်းဖျစ်
နမ်းလည်းနမ်း --။

ထထောင်
========
“၀” မဟိဘဲ
“၀ိ” လုပ်ချင်လျှင်
သင်သည် “ထထောင်” ဖြစ်လိမ့်တကား --။

အစ (နှင့်) အဆုံး
=========
အစမှာ တက်ကြွ
အဆုံးမှာ ကြွတက် --။

ငှက်ကဥ
======
ဂဟဇာ “ထ” ခါ
ဥက္ကဌ --။

ဂဟဇာ “ကျ” ခါ
ဌက္ကဥ --။

အတ္တပဂျင်းပက်ကျိများ
============
ကုလားကိုလည်း အောက်ကျ
ဘုမားဆိုလည်း ယောက်ဖ --။

ကြက်
==========
ငှက်ဖြစ်ပါလျှက်
မပျံတတ်သော်
သင့်ကိုသူများ စားလိမ့်မည် --။

ဘုရားဝမ်းပူ
=========
လူကိုမြင်လျှင်
သားကောင်ထင်သည်
အကြင်ဘုရားဝမ်းပူများ --။

သင်္သရာ
=======
လူ့မစင်
ဝက်အစာ --။

ခွီးပတုန်း
==========
စွပ်လိုက်က ဖြောင့်ဖြောင့်
ချွတ်လိုက်က ကောက်ကောက် --။

ဗချီး (နှင့်) ယခီး
========
ဗချီး ယခီး
လုံးထွီးထွီး --။

ဗချီးအီးပါ
ယခီးနာ --။

ဗချီးအီးပေါက်
ယခီးကြောက် --။

ရခိုင်သမ
=====
ရခိုင်သမ
အလှပမှာ
မိဘဥစ္စာ
ကြွယ်ဝပါလည်း
ပညာရတနာ
ပြည့်ဝပါလည်း
ဇာတိနာကျ
ဖျောက်မရ --။

ရခိုင်သား
======
(ရ) ရခိုင်သား
ရင်ဖတ်ကားကား
အားကောင်းမောင်းသန်
လက်ဖံလက်မောင်း
သံမဏိချောင်း --။

(ရ) ရခိုင်သား
မျိုးမာန်ဝင့်ကြွား
ကျားကျားယားယား
ထင်ရှားဇမ္ဗူ
နှိုင်းတူမဟိ --။

“ရခိုင်ကြီးကွ”

မြှောက်ပင့်စကား၊ နားမလည်မငြား
ရခိုင်သားမှာ၊ ရပ်စောက်ရပ်လျှက်
မာနတက်သော် --။

နဖူးကျည်သင့်၊ ၀မ်းအူပွင့်၏
လွင့်ကျအကောင်၊ ဖက်ဖူးရောင်သည်
ဒူးထောင်ပက်လက် ဂျွန်းထိုးတည်း --။

ကမ္ဘာမကျေ
=======
ကမ္ဘာမကျေ
မသာမြေ
သူခိုးတွေနေ --။

ပြည်ကျွန်ပြုကို အသက်ပေးလို့
တို့ကာကွယ်မယ် --။

မီးလောင်မြေ
အကျည်းတန်နေ --။

အီးပေါက်တာနဲ့
ကွဲကြေနိုင်တဲ့
မုန့်လပွေ --။

အသက်ပေးမရရင်
နှမပေးလိုက်လေ --။

အနူထဲက လူချောလေးတွေ
သိပ်တော်ပါတယ် --။

မှတ်ချက်။ ။ မြန်မာကဗျာ

ဖားအတွေး
======
တွင်းအောင်းဖားချေ
ဖားသူငယ်မှာ
မြင်သည်မှာ
ဤမိုးအာကာ
ကျယ်ပါလီ၏
ငါ့တွင်းဝနန့်
အရှိရှိ --။

ခေတ်သစ်ရခိုင်ရာဇ၀င်
============
ပြောခီကေ ညီညွတ်ရေး
လုပ်ခီကေ ပြိုကွဲ။

စေတနာကောင်း ယောက်ခမနွားအလကားကျောင်း
===========================
ကျောင်းသားတော့ ကျောင်းသား
ဘွဲ့တလုံးပါလာစွာက
(နွား) ကျောင်းသား --။

အမိုးနန့်သူခိုး
=======
သူခိုးတိက
အစိုးရ
အမိုးဘ၀မသက်သာ --။

အမိုးခွက်ကို
သူခိုးခိုးသောအခါ --။

အမိုးမှာ
မျက်စိမမြင်ပါ --။

ခွက်ပျောက်လို့
လိုက်လို့ရှာ --။

ရခိုင်ပြည်တွင်ပြုလုပ်သည်
==============
သမိုင်းကို ပြန်ရွီးဖို့အစား
သမိုင်းကို ဖန်တီးကတ်မည် --။

သံဝေဂ
=======
လမ်းဖောက်သူ
ကြိမ်စူးလည်းစူး
သွီးလူးလူး --။

လမ်းလျှောက်သူ
ဘုရားလည်းဖူး
လိပ်ဥတူး --။

မျောက်ကြီး (နှင့်) ရှောက်သီး
===============
အသီးစားချင်
အပင်ကို ရီမလောင်း
မျောက်ကြီးဖင်ဟောင်းလောင်း --။

ဂြာအိုကျ
=====
ဝါးတုတ်လည်းချိုး
သွားငုတ်ကျိုး
အဖိုးအရုပ်ဆိုး --။

အမဲသားဖြစ်လားသော နွား
==============
အလုပ်ကောင်း နွား
အခိုင်းကျ --။

ငပျင်းနွားက
အခိုင်းသက်သာ --။

မြက်နုစား
ကြီးထွားသန်မာ --။

များမကြာ
အလကား နွား
အိမ်မှာမထား
သားသတ်ရုံသို့
ပို့သောအခါ --။

နွားချေမှာ
အမဲသား
ဖြစ်လားခယာ --။

စနစ်ဆိုး
====
အနံ့မဟိရေပန်း
ဆက်ပြီးနမ်းကေ
နမ်းလူအပြစ်လား
ပန်းအပြစ်လား --။

(ဂိုးချေ)

မှာခပါယင့်
======
အီးယောင် ဘားဘာ
မှာခပါယင့်
“ငါသား မောင်လုံးစိန်”
ပြောက်ကျားမလုပ်လီကဲ့
ပြောက်ကျားလုပ်ကေ
ဝါးတုတ်စားပြီး
ဘ၀ပျက်ပနာ
ဘုန်းကြီးကျောင်းမှာ
သီလိမ့်မည် --။

(စံထွန်းချေ)

သာလာကာချေတိနန့်တူရေ ဘကြီး
==================
လဖက်ရည်ဆိုင်က
ရခိုင်သား နိုင်ငံရေးလား --။

အရက်ဆိုင်က
ရခိုင်သား နိုင်ငံရေးလား --။

တခုကိုလည်း
မကြားချင်ပါ ဘကြီး --။

ဘကြီးရို့နိုင်ငံရေးက
သာလာကာချေတိနန့်တူပါရေ --။

(စံထွန်းချေ)

မှတ်ချက်။ ။ မိုးသောက်ရောင်နီ ရခိုင်ကဗျာများ (June 28, 2006) မှ ကောက်နှုတ်သော ရခိုင်ကဗျာတိုများဖြစ်ပါသည်။

No comments:

Post a Comment