Saturday, May 9, 2015

သမိုင်းဖျောက်နီသော ပန်းကြွီများ

သမိုင်းဖျောက်နီသော ပန်းကြွီများ
================

ရက္ခဥယာဉ်တော်ထဲက
ရက္ခိတရို့ နှလုံးသွီးနန့်ပက်ဖြန်း
အမွှမ်းတင်ထားရေပန်း .. သဇင်ပန်း လတ်..။

ဧဂုတော့.. ရက္ခိတရို့အံဖတ်
တန်ဖိုးမဟိသော လမ်းဘေးက ပန်းကြွီများ ..။

အသက်ယှူလို့မရပါ... လုံးဝ..လုံးဝ..ကို...။
ဘယ်ဖက် ရင်အုံထက်ကို
တိမ်တိပြိုကျနီလို့....။

ဘွဲ့မည်နာမ ရက္ခိတနန့်
ကိုယ်ဖြစ်တည်လာရာ ဘ၀ကို
သိယင့် မိကွန်ဆောင်....
နင်စွာ သမိုင်းမကျီခသူရာ ပန်းကြွီ..။

ညစ်နွမ်းနွမ်း ပန်းခင်ကြီးထဲမှာ
အႁကြီတကာ့ အႁကြီဆံုးစြာ ..သဇင်ပန်း ..။

ရာဇ၀င်စစ်တမ်းထဲမှာ
မြင့်ရာမှာပွင့်ရေ ပန်းသဇင်စွာ
လူရို့၏လေးစားခြင်းကို ခံရရေ..
တန်ဖိုးထားကတ်တေ..။

ဧဂုခါ..
အာကာလီဆောင် တိမ်ရိပ်ယောင်အလား
ဘ၀င်လီဟပ်လို့ ဇတ်ကြိုးပြတ်ရေခါ
ကျမန့်အိုင်မှာမြုပ် စုပ်စုပ်နစ် နီယာမနား...။

ငါက နင့်ကို တော်ဝင်ပန်းဖြစ်လို့
မယှူယှိုက်ဝံ့ဘဲ.. တန်းဖိုးထားခရေ
ငါနင့်ကို ရင်နာမဆုံး နှမြောမိရေ..
ဟိသမျှသိက္ခာကို ရိက္ခာနန့် လှဲလိုက်စွာလား ပန်းကြွီ..။

မဟုတ်ကေ.. .....
တရက်တာ အဖော်ပြုခံရစွာကို
နင့်ရင်မှာ တသက်စာ မှတ်နီလား
ငါထင်စွာကတော့.. နင့် အသိတရားတိကို
တဏှာ ဖုံးလွှမ်းလားပျာယ် ပန်းကြွီ...။

ကိုယ်ရောက်နီရာ ကမ္ဘာရွာကို
တချက်ချေပင် လေလာမကြည့်
ဘ၀ဆိုစွာ တခါတရီ နင်ထင်စွာထက်
ပိုပြီး ရက်စက်တတ်တေ.. ပန်းကြွီ ..။

အဖွဲ့စည်းတိနန့်နီကတ်တေ ပတ်ဝန်းကျင်မှာ
ရက္ခပန်း တပင်၏အနုပညာကို မင်းလေ့လာရလိမ့်မေ..။

လီယူရာဖက်ကို မယိုင်းဖို့ မသင်ကြားချင်ကေ နီ
မုန်တိုင်းတိထဲမှာတော့ မင်းအသက်ရှင်နီရဖို့ ..ပန်းကြွီ ..။

ကျေးဇူးပြုပြီး နင့်ဘ၀နန့် ရင်းလို့မပုံအပ်လိုက်ပါကဲ့
နင်ဖြစ်ပျက်နီရေ ဘ၀ကိုကြည့်လိုက်ကေ..
ငါစွာ... တကမ္ဘာလုံးနှင့် စစ်တိုက်ပစ်လိုက်ချင်ရေ ပန်းကြွီ..။

ပန်းကြွီ..
ဇာပိုင်ပီးကေ ဇာပိုင်ရရေလို့ နင်မတွေးပါကဲ့
ရက္ခိတရို့က လွဲကေ... နင့်ကို...
ဇာသူလဲ..... (၇) ရက်ထက်ပိုပြီး စိတ်မ၀င်စားတတ်လို့ပါ..။

ရက္ခဥယာဉ်ထဲ နင်ရှင်သန် ၀ံ့ဖို့ဆိုကေ
ငါ့ ရင်ဘတ်ထဲက နှလုံးသွီးရို့ကို..
နင့်၏မီသြဇာအဖြစ်နှင့်
အားသစ် စမ်းလိုက်ပါ. ... ပန်းကြွီ..။ ။

(လင်းဆက်ဝတီ)

နင့်ကိုတန်ဖိုးထားရေ ယင်းဟင့်ကို နင်ကမသိ
ရင်နာရေ ရင်ဆာရေ.. သုံးစားမရရေပန်း..။ ။

No comments:

Post a Comment