Saturday, May 9, 2015

ဘ၀ချေနီမ၀င်ခင်

ဘ၀ချေနီမ၀င်ခင်
========

ဝမ်းခေါင်းချေဗလာကျင်းပနာ
စားစရာမဟိခါမှရာ
ကိုယ့်ကိုယ်ကို ဆင်းရဲတွင်းနက်မှန်းအသိ
ကြွီးမြီတိ တခရွီနန့် --။

ဒေကြားထဲ
အချေတွဲလီတွဲလောင်းနန့်
ဆန်နှစ်သိုက်လာတောင်းရေ လယ်သမား။
အခေါင်မိုးယိုလို့ဆိုပနာ
အုန်းပျစ်လာတောင်းရေ လက်သမား။
စားစရာမဟိလို့လတ်
ဟင်းရွက်ချေဆွတ်ခွင့်တောင်းရေ ကိုင်းသမား။
အစားမခြီလို့ဆိုပျာယ်
ငါးတခွက်လာတောင်းရေ ပိုက်သမား။

ထိုတယောက် ဒေတယောက်နန့်
ဒုက္ခချေရောက်လိုက်ကတ်ပုံတိ
ကြုံရေလူတိုင်းသိရေ --။

ယေနန့်ရာ…
ကိုယ့်အပူနန့် ကိုယ်လို့ပြောပြောယင်း
မိုးလင်းက နီတ၀င်ထိ
ဒုက္ခကို လွှတ်ထားမိကတ်စွာ --။

ဖောင်စီးယင်း ရီငတ်ယင်းနန့်
ကုဋေ သျှစ်ဆယ်ကြွယ်သူဌီးသားပိုင်
လပ်ယျားလပ်ယျားနီခပြီးရေဘဝ
ထည်ကြီးပျက် နာမည်ခံလျှက်
င်္သခါရတွင်းနက်ထဲက အဖပြည်
ဇာပယှောင် ဖြေသာဖို့လဲယေ --။

အတိတ်က ကြွယ်ဝခရေတိုင်းပြည်
အတိတ်က ပေါများခရေ တိုင်းပြည်
အတိတ်က ထိတ်ဆုံးဖြစ်တေ တိုင်းပြည်
အခု... နှိုင်းလီကေ ဘိတ်ကျ
အိပ်စက်ခြင်းက မထနိုင်ပျာယ်လားလို့
လက်မှိုင်ချတွေးတောနီဖို့အစား
ထထိုင်လျှက် သွီးစကားပြောပါပလင်
သူငယ်ချင်း...
ဘ၀ချေ နီဝင်မလားခင် --။

(ပန်းနုဇံ)

အဘာ

အဘာ
====

အဘာ
သွီးထွက်တေ ဒေအသဲ
မိုးရွာရေပိုင် မျက်ရည်
ရမ်းပေါက်လီလောက် ပြင်းရေ --။

လွမ်းခြင်း
တပေါင်းလမှာ အရွက်တိကြွီစွာ
ဖြုတ်စိချေရာ အဘာ --။

ဒေပိုင်
တပြည်တရွာမှာ ရောက်နီရေ
သားချေအတွက်
အဘာကို လွမ်းစွာတိကို
အသူကလာလို့ နှစ်သိမ့်ဖို့လဲ...???

အဘာ
သက္ကရာဇ်တိ အယှုပ်အထွီး
စက္ကန့်အပြောင်းအလဲ
မာယာများရေ နိရက်တိနန့်
သရော်နီကတ်တေ
လောကဓံတိကြားက
အဘာ
ထွက်ပြီးလားရေ မနားယေ --။

အဘာ
လူတိက ပြောကတ်လိမ့်မေ
အဝေး... မင်းရူးနီလားလို့ --။

ယေကေလည်း အဘာ
ကြပ်ခိုးလိုက်နီရေ
အဘာကိုချစ်စွာ အချစ်တိ
ပဇောင်ပိုင်လို့
သားချေခွာချဝံ့ဖို့လဲ --။

အေးမောင် (ရင်အုံတော်ဓါတ်)

မှတ်ချက်။ ။ အေ ကဗျာကို (13/10/2008) နိရက် ဂျာမဏီသို့လားခါ လီယာဉ်ထက်မှာရွီးစပ်ပါသည်။

သူငယ်ချင်းသို့

သူငယ်ချင်းသို့
======

သူငယ်ချင်း
သူများနိုင်ငံ မင်းကျွန်ခံလို့ 
ရုန်းကန်လှုပ်လျှား မင်းလုပ်အားကို
မင်းကားဖြုန်းတီး အပျော်ကြီးပျာယ်
အီးချမ်းတချက် လိုရမ္မက်ကြောင့်
မိဘထံပါး ငွေတပြားမျှ
မင်းကားမပို့ ဤသို့ဆိုက
မင်းဘ၀မှာ အချိန်ကုန်ခမ်း
လူလည်းနွမ်းလို့ အစွမ်းလည်းပျောက်
အရောင်နောက်ပျာယ် ခြောက်ကပ်အသိ
မဟိတန်ဖိုး အကျိုးသုည
ဤလောက၌ ဗလာနတ္ထိ
မင်းဟိနီကေ ကမ္ဘာမြီကြီး
ဝန်လီးရေ --။

သူငယ်ချင်း
မင်း၏လုပ်ရပ် မင်းကြပ်မတ်ယင့်
သင့်ကြံတွေးဆ နဖူးလက်တင်
ပျင်ဆင်ဆန်းစစ်၊ ဇာဖြစ်သင့်လေ
ဆုံးဖြတ်ဝေ --။

သူငယ်ချင်း
မင်းကားရခိုင် စိုင်လာမညှိုး
ကိုယ့်လူမျိုးရေး မင်းမှာတွေးဆ
သတိရလို့ ရခိုင်လူမျိုး
ကျွန်ဖြစ်ဆိုးက ကြိုးပမ်းရာလမ်း
မင်းစွမ်းအစ အုတ်တချပ်မျှ
ပေါင်းစပ်ခကေ အဖပြည်သူ
ကြည်ဖြူလေးစား မျိုးကောင်းသားဟု
အားထားယုံကြည် အော်မြည်အားပီး
လက်ခုတ်တီးလျှက် ပီးဆပ်သူမင်း
ထိန်ရောင်ဝင်းလက် ဂုဏ်လည်းတက်လို့ 
ရက္ခမျိုးချစ် ထုဆစ်သွီးသား
မင်းသည်ကား
အာဂယောက်ကျား
ရခိုင်သားပေတကား --။

(သဇင်ခိုင်)

သစ္စာ

သစ္စာ
===

ရခိုင်ရို့တွက်
တန်ဖိုးအဟိဆုံးရတနာ
ရခိုင်စာ --။

ရခိုင်ရို့တွက်
တန်ဖိုးတန်ဆုံးပတ္တမြား
ရခိုင်စကား --။

စာပီပျောက်ကေ စကားပျောက်ဖို့
စကားပျေက်ကေ လူမျိုးပျောက်ဖို့ --။

ငါသည် ရခိုင်မျိုး
ငါ့ရခိုင်မျိုးတွက်
စာပီနန့်စကားကိုဖျက်
အမျိုးပျက် တရားခံ
ငါခံလီဖို့မဟုတ် --။

ငါ့မျိုးရိုးတွက်
စာပီကိုခင် စကားကိုကြိုက်
မျိုးချစ်တယောက်အနီနန့်
ငါ့မွီးရပ်ကို ကျေးဇူးဆပ်ဖို့ "သစ္စာ" ပြုယင်း --။

အသျှင် (Ashun)

ချစ်စွာအပြစ်လား

ချစ်စွာအပြစ်လား
=========

ခင်ရုံပါဆိုပြီးကေ
ရင်ခုန်စရာတိကို
ဇာဖြစ်တွေးနီလဲ --။

ရိုးရိုးသိရုံဆို
ခိုးကြည့်ဖို့ လိုလား --။

ဖုံးဖိထားကေလည်း
အပြုံးတိက သက်သီ --။

အကြင်နာ မပိုသိမ့်ကေ
နဂိုရ်အတိုင်း နီကတ်မေ --။

တမင် ရှိလျှောက်လို့
ရင်မှာ မီးတောက်လာကေတော့
ကို့ကို အပြစ်မဆိုကဲ့နန်း --။

(မြတ်မင်းသူ)

အိမ်မက်ထဲက လက်တဖက်

အိမ်မက်ထဲက လက်တဖက်
==============

ကံတရား၏ကျေးဇူးပေါင်းများစွာနန့်
မင်းနန့်ငါ တထပ်တည်းကျဖူးရေ --။

“တခါလည်း ခွဲမလားပါ” လို့
ငါချစ်တေ နှခွမ်းအစုံက
ပြီးစလွယ် ပြောခလီသမျှ
အေကောင်က အရူးချော့ခံရပိုင်
အတ္တလက်ကျန် မဟိလောက်အောင်
အရည်ပျော်ဆင်းလို့
အငွေ့ပျံသန်းလို့ --။

လက်ဆုပ်လက်ကိုင်မရနိုင်ရေ
မင်းဆစ်ထုပုံဖော်ခရေ အိမ်မက်တိကြားမှာ
တချက်ချေ မင်းပြောဖူးရေ ပုံပြင်ဝတ္ထုချေတိကြောင့်
သတၱိအစစ္တိကို မြီးဖြား
ငါ့ကိုငါ ရှင်သန်အောင်တည့်မတ်ယင်း
မင်းတတွတ်တွတ်ပြောဖူးခရေ “နက်ဖန်ခါ” တိအတွက်
တလောကလုံးကို နောက်ခိုင်း
ငါ့နိတိ မြုံဆိုင်းနီစွာတောင်
မင်းကမ်းလာဖို့ လက်တဖက်ကို
အခုထက်ထိ ငါ... ငတ်မွတ်နီတုန်းရာ --။

(ညီစု)

လိပ်ပြာမှတ်တမ်း

လိပ်ပြာမှတ်တမ်း
=========

နင်မသိကေလည်း
ငါဟိရေ လွန်ခရေတနှစ်မှာ
အကြည့်တခုအတွက်
ခြီလှမ်းတလှမ်း သဂြိုဟ်ဖူးရေ --။

မနိတနိကပိုင်နန့်
တနှစ် နှစ်နှစ်မကပျာယ်
ပြန်အတွိမှာ မယိမ်းမယိုင်ဘဲ
အလဲပြိုကျဖူးရေ --။

တိမ်တခုအဆုံးမှာ
မှုန်ဝါးရေ ပြက္ခဒိန်တခု
နင်ဟိရေ အေနှစ်မှာ
ကုန်ခရေ အလွမ်းချေတခု
မသိမသာ မျက်ရည်နန့်
အစဖျောက်ဖူးရေ --။

ပကာသန မပါရေ
လိပ်ပြာတကောင် အလှမှာ
နှလုံးသားတခု ရီစုန်မျှောဖူးရေ --။

ငိုသံမဟိရေ အေနှစ်မှာ
ရယ်သံတခုအတွက်
အတ္တတိ အဆုံးခံပီးလိုက်တေ --။

(သဇင်ဖြူ)

အိမ်မက်ဆိုး

အိမ်မက်ဆိုး
======

ပျိုမြစ်နုသစ်တေ ခံစားမူတိနန့် 
အနက်ချိုင်းဆုံးတနီရာမှာ
အသည်းဆူနာမီကြီးလှုပ်ခတ်ယင်း
လရောင်ရွှမ်းလို့ 
ကြည်နူးမဆုံးခရေ ရက်စွဲတိ
မိုးမမြင် လီမမြင်
အရာအားလုံးကို သတိမရလောက်အောင်ပင်
အနာဂါတ်အိမ်မက်လည်းမဲ့လို့ 
ပစ္စုပ္ပန်နန့်  ပြီးပြည့်စုံလင်းလက်လို့ 
ကျိန်းတောင်ထက်မှာ
ဂရင်ဂျိုင်မှာ
လီခံပေါက်မှာ .......
သမာသမတ်တော့ ကျခကတ်ပါရေ --။

ဇာလောက်ဝီးဝီး ၀ီးစွာကို ငါမကြောက်
တောင်အလုံးတရာ တသန်းခြားပတ်စီ
ပင်လယ် သမုဒ္ဒရာ
အခုတရာလောက် ခြားပတ်စီ
နောက်ဆုံး တကမ္ဘာစီခြားလီပတ်စီ
ငါအရောက်လာဖို့ 
ယေကေလည်း
လုံးဝ...လုံးဝ လာလို့မရရေ အတားအဆီးက
အနားမှာ ကာဆီးလားခပျာယ်မဟုတ်လား --။

ချုစ်ဦးကမ်းပါးက လူးကျ
အကျနာခရေငါ
ခွင့်လွတ်ခြင်းလား
ပီးဆပ်ခြင်းတော့ မဖြစ်နိုင်
အိမ်မက်တိုင်းမှာ
ဆယ်တန်းကို အခါခါကျယှုံးခကေလည်း
အိမ်မက်တိုင်းမှာ
အမြဲတမ်း ဖူးစာဖက်ဖြစ်ခရေ
ဒေ အိမ်မက်ဆိုးက နိုးထတိုင်း ဒေါသဖြစ်ရရေ --။

သစ္စာစကား
မိတ္တာတရား
ချစ်တေစကား
မပြည့်ခရေ တောင်းဆု --။

ကမ္ဘာမြီကြီးလည်း သက်သီမလိုပျာယ်
အိမ်မက်ဆိုးနန့်ရာ အယင်ဝီးပါစီ --။

(သျှင်စိုး)

ကျောင်းလားပါဝေ အိုအဘုချေ

ကျောင်းလားပါဝေ အိုအဘုချေ
==============

အို အဘုချေ 'အဘာ ၀ါ"
အဘာ ငါးဖမ်းလားခယင့်
အမင်ဝါ အမင် ရီခပ်လားခယင့်
အဘောင်ဝါ အဘောင်
ဆန်ဖွတ်ဟိလီယင့်
အဖိုးဝါ အဖိုးဟင်းရှာလားလီယင့်
အဘုချေဝါ အဘုချေ
ကမ်းနားယောင်ဗျာ ၀ါးဖောင်ဆင်းတက်လုပ်နီယင့်
ဝါးဖောင်ဝါ ၀ါဖောင်ကမ်းနား ဟိလီယင့်
ကမ်းနားဝါ ကမ်းနားမှာ ကျောင်းဆောက်ထားလီယင့်
ကျောင်းဝါ ကျောင်းမှာ ကျောင်းစောင့်ဟိလီယင့်
ကျောင်းစောင့်ဝါ ကျောင်းစောင့်အိမ်မှာ အိပ်နီယင့်
အိမ်ဝါ အိမ်မှာ ဘုရားဟိလီယင့်
ဘုရားဝါ ဘုရားပန်းအိုး ညှိုးနီယင့်
ပန်းဝါ ပန်းကို ပိုးဖျက်ပျက်လီယင့်
ပိုးဝါ ပိုးကို နွားအိုစားလီယင့်
နွားအိုဝါ နွားအို အဘုချေ ကျောင်းနီယင့်
အဘုချေဝါ အဘုချေ ရခိုင်းသားဖြစ်လီယင့်
ရခိုင်ဝါ ရခိုင်အမျိုး ချစ်လီယင့်
အမျိုးဝါ အမျိုးအဆက်တုံးလီယင့် --။

အိုအဘုချေ
ဖွဲပုံမှာမှောက် ကိုယ်ကားဗလာ ဗိုက်ပူကားဖြင့်
ဆလျာသတ်တေ ကျောင်းခေါင်းလောင်းသံ မကြားလားဝေ --။

အိုအဘုချေ
နွားကျောင်း ကျွဲကျောင်း အိမ်လုပ်ကူလို့
လှောက်လှေးခွတလက် လက်တည့်စမ်းပျာယ် ငှက်ပစ်ပျော်ရေ
အရိုင်းစိုင်းချေ ကျောင်းခေါင်းလောင်းသံ မကြားလာဝေ --။

အိုအဘုချေ
အဖိုးအစိုင် လူယဉ်ကျေးက သားဆိုးတဖြာ
ဂုဏ်ငယ်မွဲလို့ ငါရို့လက်မှာ မျိုးညံ့ခရေ
တယောက်အကောင် လူရောင်တင့်လို့ အရာမရောက်ဝေ
နှစ်ယောက်အကောင် လူရာရောက်လည်း ခရီးမရောက်ဝေ --။

ငါ့အမျိုးက စာရွက်မကိုင် ဓါးကိုကိုင်လို့ ထင်းခွတ်လားတုံး
ငါ့အနွယ်က ဘောပင်မကိုင် တက်မကိုင်ကို ငါးဖမ်းလားတုံး
ငါ့မိသားစု ပြောင်းဂျီကိုင်လို့ မီးမွှီးတုံးဆို
ငါ့လက် စက်ပေါ် တင်နီရလည်း ကြောမအီးဝေ --။

အိုအဘုချေ
ငါရို့အမျိုး သာဂီမျိုးလို့ လူကြားထုတ်ပြ ဂုဏ်ယူဝင့်ဖို့
ငါ့ရို့အနွယ် အာရီယန်လို့ လူသူရှိမှောက် မာန်ဂုဏ်တင့်ဖို့
သမိုင်းအဆက် ငါရို့လက်ကျန် အမွီဟောင်းကို မင်းလက်ခံဖို့ --။

အိုအဘုချေ
အမင်ဆဲသံ စာမတတ်လို့ ရိုင်းစွာရာပါ
အဘာဆဲသံ စာမတတ်လို့ နားခါးစွာပါ
သားချေအလှည့် အဘာဖြစ်ကေ
သမီးချေအလှည့် အမင်ဖြစ်ကေ ဆုံးမစီဖို့
ကျောင်းခေါင်းလောင်းသံ ခေါ်နီပျာယ်ဝေ
ကျောင်းလားပါဝေ အိုအဘုချေ --။

(မစန္ဒာ)

ရောင်နီကိုတမ်းတခြင်း

ရောင်နီကိုတမ်းတခြင်း
===========

မည်းနက်အမှောင်ကျနီရေ
မဟူရာညတည၏
သန်းခေါင်ယံမှာ
တရီးနိုးထအော်လိုက်တေအသံ
အိပ်မှုန်စုံမွှား
ထလို့ယောင်စွာလား
ကြောက်စရာအိမ်မက်ထဲက
လန့်နိုးလာစွာလား
မှုန်တိမှုန်ဝါး
မျက်လုံးအစုံက မှေးစင်း
အားတင်းပျာယ် ဖွင့်ကြည့်မိရေ
စူးစူးဝါးဝါးနန့် 
ညီးသံတိ
ကြိုင်းသံတိ
အော်သံတိ
ကူပါကယ်ပါ တစာစာနန့် 
လောကငရဲမှာ
ကျိန်စာသင့်
ဒုက္ခအပေါင်းနန့် 
ခညောင်းနီကတ်ရရေ --။

ရောင်စိုင်မဟိရေညမှာ
မှုန်ပျပျကြယ်ရောင်နန့် 
အမှောင်ကို အံတု
ရောင်နီဦးကို ဆန္ဒပြုယင်းခရီးဆက်
လမ်းပြပီးပါ
အို....လမ်းပြကြယ် --။

စောမြဇံ (ရခိုင်ပြည်)

လပြာသိုနန့် ဒီဇင်ဘာ

လပြာသိုနန့် ဒီဇင်ဘာ
==========

အီးမြရေ လပြာသို မအီးနိုင် ငါ့ရင်ထဲမှာ
ဘီစီ (၃၀၀၀) ကျော်အတိတ်က
ကိုယ့်ပြည်ကိုယ့်မင်း ကိုယ့်ထီးနန်းကို
လွမ်းတမ်းတယင်း ရင်ကွဲပက်လက်
ငါဖြစ်လတ်တေ ဒီဇင်ဘာ --။

နှစ်ပေါင်း (၅၀၀၀) ကျော်အကြာ
ခိုင်မာခရေ မင်းအဆက်ဆက်
ဥသြရီသောက် မုနိပျောက်လို့ 
ထီးပျောက်နန်းပျောက် စည်ကြီးပေါက်တေ
ဒီဇင်ဘာ (၃၁) ရက် ဆုတ်လပြာသို --။

မမိနိုင် ယင်းအချိန်အတိတ်က
မီးတိုက်ခံရ ထီးနန်းလှနန့် 
စေတီပုထိုး ဘုရားကျောင်းကန်
ကျမ်းဂန်စာပီ ဗုဒ္ဓအမွီနန့် 
များပညာသျှင် အရှင်လတ်လတ်
သီအောင်သတ်ဖြတ် မောင်ဝိုင်းလက်မှာ
ကူပါကယ်ပါ လက်ထောင်ကာနန့် 
မြစ်နားကမ်းစပ် ရီမြှုပ်သတ်တေ --။

လူသားဒိုင်းကာ လိုသုံးရာဟု
ဗမာယိုးဒယား စစ်ပွဲကြားမှာ
(၆၀၀၀) ကျော်ရခိုင် တဖြိုင်ဖြိုင်လဲ
ရက်ရက်စက်စက် သူရို့သတ်တေ --။

တင်းဝါးပန်းခိုင် တမြိုင်မြိုင်
ရခိုင်အလောင်း စုစုပေါင်းရို့
အစုလိုက်အပုံလိုက် မသာဖြစ်ခ
ထိုဘ၀ကို ဇာပိုင်မိထားနိုင်ဖို့ လဲ --။

အခုချိန်ခါ များဗမာက
လက်ဟိရခိုင် ပြည်မဏ္ဍိုင်ကို
ဘယ်ကနှုတ်ယူ ညာဖဲ့ယူနန့်
မြီပေါ်မြီအောက် ခြုံပေါက်မကျန်
ရီနံဓါတ်ငွေ့ လိုပိုင်ဖဲ့ပနာ
သယံဇာတ အ၀၀နန့် 
ဆန်ရီစပါး သားငါးမကျန်
ဂေါင်းပုံဖြတ်ထုတ် ခဲဝါယုတ်ပိုင်
မြန်မာဗမာဖြစ်ဖို့ရာဟု
လူမျိုးသွီးနှော အရောင်ဆိုးရေ --။

တိုင်းခြားရောက်လာ မျိုးလေးဖြာနန့့်
ပြည်တွင်းရခိုင် စည်းလုံးနိုင်မှ
လခြမ်းရခိုင် မယိုင်လဲအောင်
တော်လှန်တိုက်ထုတ် အမျိုးယုတ်ကို
နိုင်မည်မုချ အောင်ပွဲလှနန့် 
ကမ္ဘာအလယ် ၀င်ဆန့်မည် --။

(မောင်ဂစ္ဆပ)

ဇာကိုလားလို့ ဖြေရမည်

ဇာကိုလားလို့ ဖြေရမည် (What Shall I Do?)
=======================

ဆီးနှင်းစိုစို ပြာသိုလည်းလွန်
လက်ပံပွင့်ဖူး ရာသီပြောင်း၍
တပေါင်းကူးသော် --။

ဝမ်းနူးစဖွယ် တောမြိုင်လယ်မှာ
တွန်မြည်ယင့်ယင့် ရင်ကိုဖွင့်လျှက်
ပင်မြင့်ထိပ်ချာ ကိုင်းအညှာမှာ
နားကာလှမ်းထောက် မြကန်သာကို
ဝဲလာရောက်ကာ ရီသောက်လာသော
ဥသြရွယ်ပျို သာခြင်းဆိုကေ
ဇာကိုလားလို့ဖြေရမည် --။

တောင်ကမူမှာ ဂူလည်းပြိုပျက်
နွယ်မြက်ဆောင်းဆောင်း တရောင်းရောင်းဖြင့်
ရှိဟောင်းဘုရား ဥက္ခောင်းကျိုးမှာ
ဂြိုးညိုနားကေ ဇာကိုလားလို့ဖြေရမည် --။

ညောင်ကြက်မြီမျို ဇာတီအိုလည်း
ပြိုပျက်ယိုယွင်း ကိုးကွယ်သူလေ
လူသျှင်ကင်းလို့ သတင်းနီဝင်
လပပြင်မှာ ဟင်းလင်းမြင်ကေ
ဇာကိုလားလို့ဖြေရမည် --။

(သာလှဦး)

မင်္ဂလာပါ

မင်္ဂလာပါ
=====

မင်္ဂလာပါ မိုးထက်စောစောအချိန်ခါ
ဘုရားတရားမြတ်သင်္ဃာ မိဘဆရာရတနာ
လက်အုပ်ချီပျာ ကန်တော့ပါ --။

ညီတူညီညာ ၀တ်ဆင်ကာ
ကျောင်းသင်ခန်းစာ စာပညာ
တတ်အောင်ကျွမ်းအောင် သင်ယူပါ --။

သားကောင်းသမီးကောင်း ရတနာ
နိုင်ငံတေးကို သီဆိုပျာ
အောင်လံတော်ကို ထမ်းချီပါ --။

ကြက်သရည်ဂုဏ် အဖြာဖြာ
ရက်မြတ်ချိန်ခါ မင်္ဂလာပါ --။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျူလိုင်လ (၃) ရက်နိ၊ ၂၀၀၆။

ဥသြရီသောက် မုနိပျောက်

ဥသြရီသောက် မုနိပျောက်
=============

(၁၁၄၆) ဥသြရီသောက် မုနိပျောက်
ထိုသည်ခုနှစ် ရောက်သောခါ
မုနိမြတ်မဟာ --။

ပြည်မြန်မာ ပါလို့လား
ယင်းမှာ ထောင်ချထား --။

တန်းဆောင်ဘုန်းလဆန်း (၁၃)
ရက်က ကဠုံပါ --။

ဆောင်ယူလားရာ ထိုရက်နိ
ဤသို့ မှတ်လို့သိ --။

(နာမည်မသိ စာဆို)

ပူဆိပူဆာ

ပူဆိပူဆာ
=====

ကိုင်းလီကိုင်းလိုင်း
သစ်ကိုင်းထက်မှာ ဗျိုင်း --။

ဗျိုင်းကားဇာဖို့ နားရုံ
ငါးပေါ်လို့ နားရေရာ --။

ငါးကဇာဖို့ ပေါ်ရုံ
ရီနောက်လို့ ပေါ်ရေရာ --။

ရီကဇာဖို့ နောက်ရုံ
ကျွဲစိမ်လို့ နောက်တေရာ --။

ကျွဲကဇာဖို့ စိမ်ရုံ
ပိုးကိုက်လို့ စိမ်ရေရာ --။

ပိုးကဇာဖို့ ကိုက်ရုံ
မိုးရွာလို့ ကိုက်တေရာ --။

မိုးကဇာဖို့ ရွာရုံ
ဖားအော်လို့ ရွာရေရာ --။

ဖားကဇာဖို့ အော်ရုံ
မြီမျိုလို့ အော်ရေရာ --။

မြီကဇာဖို့ မျိုရုံ
ပူဆိပူဆာ မနီသာလို့ မျိုရေရာ --။

(ဗိုလ်မင်းထောင်မှ ဇမ်းကဗျာ)

ဝမ်နည်းဝမ်းသာ

ဝမ်နည်းဝမ်းသာ
========

မမျှော်လင့်စွာ ဆုံတွိလာလို့
ရင်မှာပီတိ ဂွမ်းဆီထိပမာ
ဝမ်းသာအားရ ပျော်ရွှင်ခရေ --။

ယေကေလည်းသင့်
တချက်ချေဆုံတွိ ခွဲဖို့နိမှာ
ရင်မှာမချိ ဝမ်းနည်းမိရေ --။

ကိုယ်တော် ဣန္ဒောဘာသ
(15/05/2007)

မှတ်ချက်။ ( ရွှင် ) ကို (ချွင်) ဟု မြန်မာပိုင်ယှောင်အသံမထွက်ဘဲ ( ရွှင် ) ဟု ရခိုင်လီသံထွက်ဖတ်ပါ။

အသျှင်

အသျှင်
====

ပန်းအပေါင်းရို့သည်
ညီညာစွာတန်းစီ၍
သစ္စာအဓိဌာန်ကို
သံပြိုင်ရွတ်ဆိုကက်လီ၏ --။

အကျွန်ုပ်ရို့သည်
သခင်မအလိုကျ
ခယ၀ပ်တွား၍
အသျှင့်ထံပသို့
သိင်္ဂါရတရားကို
ဆောင်ကြည်းပီးပါမည်ဟု
အဓိဌာန်ပြုပါ၏ --။

(အောင်သာဖြူ)

ပိုးမီးစုန်း

ပိုးမီးစုန်း
====

တန်းဆောင်ဘုန်းလပြည့်နိ
အာကာထက်မှာ ကြယ်ချေလက်လက်
ဝင်းခြံဒေါင့်မှာ
ပိုးမီးစုန်းလည်း အရောင်ထွက်
မီးပုံးချေပိုင် ပျံလို့တက်
တဖြက်ဖြက် တဖြက်ဖြက် --။

(သာလှဦး)

အခွင့်အရေး

အခွင့်အရေး
=======

ညက အိမ်မက်ကို
သင် ပြန်မက်ခွင့်ဟိပါ၏ --။

အနာဂါတ်၌ ပျံသန်းသူ ငါ့အား
တားဆီးပိုင်ခွင့် သင့်၌ မဟိ --။

ဝါဒမှိုင်းကပ်နီသော သင့်ခေါင်မိုးအား
အတ္တအရောင်သုတ်ခွင့် သင့်၌ ဟိ၏ --။

မြူမှုံကင်းသော ငါ့ပြတင်းပေါက်ကို
ကျင့်ဝတ်လိုက်ကာ လာချခွင့် သင့်၌မဟိ --။

အိုးတွင်ထွင်းထားသော သင့် ရှိရိုးပန်းသဏ္ဍန်၌
သင်နှစ်သက်ခွင့် ဟိ၏ --။

ကွဲပြားဆန်းသစ်သော ငါ့ဒီဇိုင်းများအား
ပြစ်တင်ပယ်ဖျက်ခွင့် သင့်၌မဟိ --။

ဆင်၏နှာမောင်းကို ကိုင်မိသော
သင့်အသိကို အမှန်တရားဟု မှတ်ယူနိုင်၏ --။

ခြီထောက်ကိုကိုင်မိသော ငါ့အား
မှားသည်ဟုယိုးစွပ်ခွင့် သင့်၌ မဟိ --။

(နတ်မောင်)

အမှတ်တရ AMP ရွာ

အမှတ်တရ AMP ရွာ
===========

အုပ်အုပ်ဆိုင်းဆိုင်း
အ၀ီးကပင်လှမ်းလို့မြင်စွာ
ရခိုင်သားရို့ AMP ရွာ
မျက်နှာချေ ဇရွက်လောက်နန့်
ရွာဦးတို့အရောက်
ယိုင်မိုးနန့် kwkhaing ရို့က
နွီးနွီးထွီးထွီး အပြုံးနန့်အကြိုထောက်
ဒေမောင်နှစ်မ နှစ်ယောက်ကြောင့်
ရင်မှာပီတိဖြာရပါ၏ --။

ရွာအ၀င်လမ်းမှာ
အာဂန္ဓု ဒေလူကို
ဆီးကွမ်းနန့်ရီချို
ကျွေးမွီးလို့ ခရီးဦးကြိုရေ
နှမသူဇာ ngwelamoon ကို
ကျေးဇူးတင်မဆုံး --။

ရွာထဲကိုအရောက်
မိုးမသောက်ခင်
ဖောက်ဆီဖောက်ဆပ်
စိတ်ပေါက်နီရေ
Lu chay နန့်အတွိ
ပြသာနာမှာ ကတ်မပါရအောင်
မနည်းယှောင်ပျာ ပြီးလာရရေ --။

ရွာလယ်ချောင်းအကူး
တန်းထားဦးနားက
ညီစုရို့ အိမ်နားရောက်ကေ
ထောင်းထောင်းထနီရေ ငပိဖုတ်နံ့က
စားပစ်ချင်စိတ်ပင် ပေါက်လားခယင့် --။

ဦးအေးမောင်ရို့ ဗွီဒီယိုရုံ
လူစည်ကားလို့ ချောင်းအကြည့်မှာ
ဗြန်းစိကာရ မူးရူးနီစွာဇာတ်ကားတင်ထားလို့
နောက်ပြန်အဆုတ်မှာ
ကြော်ငြာထားရေ နောက်တင်ဖို့ကား
မိုးလာရေလီလာရေ က
ကောင်းဖို့ပိုင်မြင် ရုံတင်ကေကြည့်ဖို့
အားခဲလို့ လျှောက်အလာ

ထိုးရှိက အိမ်တအိမ်
ထွက်သူထွက် ၀င်သူဝင်
လူတိနန့်စည်ကား
အကြောင်းစုံသိချင်လို့
ဘေးဘီကိုစုံစမ်းခါ
lumlumchay ဆိုရေလူက
Raper အိမ်ဖြစ်လို့လတ်
တေးခြင်းသံကြားရဖို့လားလို့
နားစိုက်လို့ထောင်အကြည့်မှာ
ကိုမူသောင်က amp ရွာထဲ
ကိုးရီးယားတိ မကန်ဝင်နီကတ်တေဆိုလို့
လူမှားလတ်မေ ကဗျာကယာ
ရင်ဖတ်မှာ တဆိပ်တပ်ပစ်လိုက်ရရေ
arakan လို့

အချေတရွီ ကြွီကောက်တန်းကဇတ်နီလို့
ဘုန်းကြီးကျောင်းလမ်း လားပျာမီးကေ
အငြင်းသန်နီရေ thazonpyu ဆိုသူက
ဒေလမ်းကရာ လားလီပါလတ်
ဒေ မမချေ လျှာသွက်အာသွက်ချေရာမလားယေ --။

ဘုန်းကြီးကျောင်းလမ်း ညောင်ညိုတန်းမှာ
ဖိုးရာမောင်နန့် စကားလက်ဆုံ ပြောဖြစ်တုံကေ
ရပ်ရေးရွာရေးဂရုစိုက်တေ ရွာသူကြီးကြောင့်
ဒေရွာစည်ခြင်းဖြစ်တေလတ် 26.2.29 မှာ
ထပ်ပျာမွမ်းမံ အသစ်ဖန်လို့
ဆက်သွယ်ရေးလမ်းကြေင်း ပြောင့်လာရေလတ်
ဒေရွာသူကြီး ကျန်းမာပါစီ မိတ္တာဝီလို့
ဖိုးရာမောင်လည်းကျန်ခယင့် --။

ဆရာတော် အသျှင်ဘားမှာ
သစ္စာတရားနာပဏာ
ကျောင်းတော်ကဆင်းပျာလာကေ
ကိုယ်တော် ven eindhobasa က
သူ့တကာ ဖွတ်ခေါင်းဆို့ချမ်းသာအောင်ကို
ဒယောနန့် အင်းကျီ လှူနီစွာတွိလို့ သာဓုခေါ်ပျာ
ထွက်လို့လာကေ ကျောင်းဝမှာ
ဒေါသထွက်နီရေ ကိုယ်တော်ချေနန့်တွိလို့
ဇာမသည်ဖြစ်လာပါရေလဲလို့ မီးကြည့်ရေမှာ
စကားတောင်မပြောနိုင် “ရိုဟင်ဂျာ” “ရိုဟင်ဂျာ” လတ် --။

ညောင်ညိုတန်းကအပြန်
ဒေလမ်းထဲမှာ အစိမ်းသရဲဖြစ်လို့နီရေ
AMP သဆီ kingthuriya ကိုအတွက်ပေါ်ကေ
ကြောချမ်းလားခရေ
နောက်ဖက်ကရာ ဘွာခနန်းပေါ်လာဖို့လား --။

ကန်ဘောင်ထောင့်က လမ်းခွဆုံအရောက်
ရီခတ်လို့လာကတ်တေ အပျိုတအုပ်ထဲမှာ
ပါးလ၀ိုက်ချေနန့် လှနီရေ
ပန်းနုဇံ စကားပြောချေတိ ရခိုင်ပိုဆန်လို့
ဂုဏ်ယူမိပါယင့် --။

chat room ခြံနား ချောင်းကမ်းနားအရောက်
လောင်းဆိပ်က ven..e..... ရို့အိမ်မှာ
23.2.29 နိက ဆုတောင်းသံ ဆန်းဘ၀ဂ်ညံကေ
ကြက်သိမ့်ဖြန်းဖြန်းထလားရေ
ဘုရားတရားသတ်ပါစီ လိမ်ဝါလို့မပြော
ချောင်းထဲမှာ လောင်းသမားလည်းတယောက်ဟိပါယင့်
ရခိုင်သားတိ ထမင်းငတ်ကတ်ပါစီလတ် --။

ကမ်းနားယောင်လို့လျှောက်ပျာလာကေ
ဆလီခြုံ ဖက်ရံစူးပုတ်တိအကျော်မှာ
ဂန္ဓ၀င် ရခိုင်စကားလုံးသံတိကြားလို့
ချောင်းပျာကြည့်ကေ ကိုခိုင်မြသိန်းရို့အိမ်ဖြစ်လို့နီရေ
ယော် ရေဒီယိုက ကုလားတေးခြင်းတိရာ ဖွင့်ထားရေကာ --။

စာသင်ကျောင်းနား ဘောလုံးကွင်းကိုအဖြတ်
မဏ္ဍပ်တခုမြင်လို့ အနားကိုကပ်ကြည့်ခါ
ဒေနိညဥ့် “ဓမ္မကဓိက ဦးဝင်းမြင့်” ဟောပါမည်လို့
ကြော်ငြာဆိုင်းဘုတ်ကပ်ထား၏
တရားကောင်းကေလည်း စကားနားမလည်လို့
ခက်နီကတ်တေလို့ကြားခယင့် --။

ရောက်တုန်းရောက်ခိုက်
ဘုရားကုန်းတော်ရင်ပြင်ထက်မှာ
ဝတ်ပြုဖို့အလုပ်
ရွင့်လာရေဆုတောင်းသံက
နားကြောပင် စိမ့်လားရေ
“ဖြစ်လီရာဘ၀မှာ ဒေလူမျိုးရာဖြစ်ရပါစီ” ဆိုလို့
လက်စုံမိုးတန်းလန်းပင်
အသံသျှင် လိုက်ရှာမိကေ
AMP ရွာသူ sandar ရာမလားယေ --။

ငဆငလျှာ လျှောက်ပျာလာကေ
AMP ရွာသူတိ
ဝတ်စွာစားစွာ တပျင်းခေတ်မှီနီကတ်တေထော
ဈီးချေနားကိုအရောက်
လူဝိုင်းနီလို့ မျက်လှည့်ပွဲလား
ဖောက်ပျာတိုးကေ ကိုလူချောမလားဂု
ငစွေ ကနီရေမလားယေ
လူအုပ်ထဲမှာ ခိုင်ဇံဝေ၊ ခွက်ပေါင်းမုန့်
သဇင်ခိုင်၊ စောမြဇံ၊ mathanshwe နန့် AMP ရွာသူတိ
ပိပိနံနံ ထိုင်အားပီးနီကတ်စွာတွိခယင့် --။

အခင်ထွန်းစိန်အောင် အိမ်ထောင့်
သ၀င်ပင်အောက် ဒန်ခံချေ
တခေါက်ဝင် အညောင်းဖြေကေ
မောင်မောင်ဆိုရေ ကုလေချေတယောက်
ပြောနီရေ၀တ္ထုချေက
ငတန်းပျင်း တန်းထားရင်းနတ်ပွဲတို့ပင်
ရောက်လားရေပိုင် တွိယင့် --။

မောတိမောတာ လျှောက်ပျာလာကေ
ထိုရှိကဆိုင်းဘုတ် ကျီးပေါက် music bar ဆိုလို့
တန်းခါးခေါက်ပျာ အော်ခေါ်ကြည့်ကေလည်း
အိပ်နီကတ်တေထင်ယင့် --။

music bar ကလှည့်ပျာအထွက်
နားထဲတို့စီးဝင်လာရေ
သာခြင်းသံ သာလွန်းလို့
လိုက်ပျာရှာမိကေ
တွိပါပျာထော ယိုင်းလွှဲပဏာ
ဆိုနီရေလူက ကံဂြီးစိုရ်ရာမလားဂု --။

လျှောက်လာစွာခြီတိုလို့ ညောင်းလို့တောင်လာပျာ
အရှိမှာ လှမ်းလို့မြင်စွာ မီးရောင်စုံထိန်ပျာလင်းလို့
Blogs Club မလားယေဂု
မူးသူမူး ရူးသူရူးနန့် တလမ်းလုံးစည်လို့
လိုင်ဖင်းဖက် လမ်းလျှောက်လာရေနှစ်ယောက်
aungtharpyu နန့် သျှင်စိုး မလားချင့်
တဖေ့ချေလောက် များလာခကတ်တေထင်ယင့်
amp arakan grammar ပြုစုကတ်ဖိပလင်လို့
အော်ပြီးကေ လားခယင့် --။

Blogs Club ထဲလှမ်းလို့ဝင်ကေ
ကိုယ့်မျက်စိတောင် ကိုယ်မယုံ
စည်လိုက်တေလူတိ
အိုးဘာလဲ !
ဒေမှာမလားယေ မြို့ကျနီကတ်စွာ
လူစုံတက်စုံ မီးရောင်စုံအောက်မှာ
တပျင်းကနီကတ်တေထော
ကိုဖိုးသာ ကိုနတ်မောင်
ကိုအေးမောင် ဝေဟင်အောင်
ုkhing ag ag ၊ khingmyothurein
ကျီးပေါက်နန့် ဥာဏ်မျိုးဦးရို့အစ...
အားရပါးရ ဒုံးကပိုင် ကနီကတ်တေ
ပျော်စရာအတိ --။

တခွက်ပြီးလို့
နောက်တခွက်အမော့မှာ
အားကောင်းမောင်းသန်လူတယောက်
အပြုံးနန့်နှုတ်ဆက်တေ
တယောက်တည်းလာခါထက်
အားဟိပိုင်တွိလားယင့်
အော် ကိုဖိုးသာပါမလားယေ --။

တယောက်တည်းလာကေလည်း ဇာရဖို့လဲ
အချိန်ခါမနှောင်း ဗြိန်းစောင်းစောင်းနန့် ချပစ်လိုက်ဖို့
လောချေကိုပင့် ကျင်ကွင်းလို့ဝင်ပစ်လိုက်တေ
ထောင့်ချေမှာ၊
ကိုယ်ရတေးခြင်း ကိုယ်ဆိုလို့
ကုတ်လို့ချေ ကရကေလည်း
ပျော်လိုက်တေဖြစ်ခြင်း
နောက်နိတိလည်း လာပါဖို့သိမ့် --။

ကိုမင်း (mum)
(ကိုးရီးယား)

အချစ်ဗိုင်းရပ်

အချစ်ဗိုင်းရပ်
=======

မမျှော်လင့်ရေအချိန်မှာ
ဗြုန်းခနှန်း Virus တကောင်ပိုင်
Online ကတဆင့်
ငါ့နှလုံးသားထဲကို ဝင်ရောက်
ငါ့နှလုံးသား Software နန့်
ငါ့အသဲ Hard Disk တခုလုံးကို
ဖျက်ဆီးပစ်လိုက်တေ --။

ပြီးကေ…
အဝီးတနီရာကို
မင်းထွက်ပြီးလားခရေ --။

အယင်က…
ပုံမှန်လှုပ်လျှားနီရေ
ငါ့နှလုံးသား Windows တိ
အခုခါ…
မင်းပီးခရေ
အလွမ်း Damage ကြောင့်
ရပ်တန့်လားခပြီးကေ
ငါ့အသဲလည်း
ကြီကွဲနီရပျာယ် --။

ထို…အယင်က
ငါ့နှလုံးသားနန့်
အသဲနှလုံးကို
ထိုးဖောက်ဝင်ရောက်လာရေ
အချစ်ဗိုင်းရပ်တိုင်းကို
Anti-love Software နန့်
Protect လုပ်နိုင်ခကေလည်း
အခုအခါ
ရီမယိုအောင်စကားပြောပနာ
ပြုစားတတ်တေ မင်းကို
ငါ့ Anti-virus Software က
Protect မလုပ်နိုင်ပျာ --။

မင်း၏ Damage ကိုခံလိုက်ရရေ
ငါ့နှလုံးသားကို
ဇာပိုင်ယှောင် ငါ...
ပြန်ပျင်ရဖို့လဲ --။

(ကျောက်ရိုးသားချေ)

ဒီးဒီး!ဘားဘား!ဒီးဒီးဘား!

ဒီးဒီး!ဘားဘား!ဒီးဒီးဘား!
===========

ကျောင်းတက်ပျင်းရေ ညီပုချေ
အဂြိုထွက်လိမ့်မေ --။

အဂြိုထွက်ကေ ဗဂျီးနွား
တူဖို့မကြောက်လား --။

နွားနန့်တူကေ ဇာစားရေ
ထမင်းမစား မြက်စားရေ --။

ညီပုချေ သတိထား
နွားချေလုပ်ဖို့လား --။

ဒီးဒီး!ဘားဘား! ဒီးဒီးဘား!

(လေးဝတီ)

မင်းနားလည်လာရေ တနိ

မင်းနားလည်လာရေ တနိ
=============

ပိုးကိုက်လို့ကြွီ
မုန်တိုင်းတိုက်လို့ကြွီ
အခ်ိန္မတန္ဘဲႄကြီ
သစ်ရွက်တိ၏ကြွီခြင်းရာဇ၀င် --။

ညဥ့်နက်သန်းခေါင်မှာ ထွက်တေနီ
အနောက်ကမ္ဘာမှာဟိကေလည်း
အရှိကမ္ဘာက ရခိုင်မှာ
မိုးမသောက်ခင်ကပင် ၀င်ရေနီ
မွန်းမတည့်ခင်ကပင် ၀င်ရေနီတိအကြောင်း
မင်းသိဖို့လိုလိမ့်မည် သူငယ်ချင်း --။

လျှပ်စစ်ကို (၂၁) ရာစုထိ
မမြင်ဖူးသိမ့်ရေ ရခိုင်မသား
ဟိရေဆိုရေအကြောင်းကို
မင်းသိဖို့လိုလိမ့်မည် သူငယ်ချင်း --။

အောက်ဆုံးအလွှာ ရခိုင်ပြည်သူထဲကို
မင်းမရောက်ဖူးသိမ့်ကေလည်း
သူရို့၏နိစိုင် မသီရုံတမယ်
ဘ၀ကြမ်းကို မင်းခံစားတတ်ဖို့လိုလိမ့်မည် --။

မညီညွတ်ခြင်း၏ဓါးစာခံအဖြစ်
ဘေးကိုယှောင်ထွက်မပြီးဘဲ
အဖရခိုင်ပြည်အတွက် အသက်ပီးလားရေ
မရွီမတွက်နိုင်ရေ ရဲဖော်တိ၏အကြောင်း
ဘီယာတစိမ့်စိမ့်စုပ်သောက်လို့
မင်းကောင်းကောင်းနားလည်ရေဆိုရေ စကားမျိုးကား
ကောင်းကောင်းရယ်စရာကောင်းရေ
ပုံပြင်တပုဒ်ရာဖြစ်လိမ့်မည် သူငယ်ချင်း --။

မင်းနားလည်သင့်စွာက
ရခိုင်တိ၏ပကဓိပြဿနာရေ
ပုဂ္ဂိုလ်ရေးကိုးကွယ်ရေး ၀ါဒလား
မူကိုလိုက်နာနိုင်ရေ ပျိုးတခင်းကိုမွီးထုတ်ခြင်းလား
မင်းနားလည်ဖို့ ကြိုးစားရလိမ့်မည် --။

မိုးမလင်းခင်ကပင် နီဝင်လားခရေ
ရခိုင်မသားတိအကြောင်း
မင်းအသေအချာနားလည်ကေ..

သူရို့၏အနာဂါတ်၊ တာဂတ်ရေ
ဇာမှာပျောက်ဆုံးလားရေအကြောင်း
မင်းကောင်းကောင်းသဘောပေါက်ကေ..

မင်း၏မာန တဖက်စောင်းနင်းတိရေ
နိဝါဒဂုဏ်ချပြီးကေ..

ငါအချိန်မရွီး မသီခင်
တပိုင်တနိုင် ဇာလုပ်သင့်လဲဆိုစွာကို
နားလည်လာလိမ့်မည် သူငယ်ချင်း --။

မင်း၏...

(ခိုင်ရိုးမ)

အချင်းချင်းရာ

အချင်းချင်းရာ
=======

ရိုးမမြီကို စွန့်ခွာပြီးကေ
အမျိုးသားရီး ထွန်းပြောင်ညီးဖို့
ရက္ခစိတ်ဓာတ် ရင့်သန်လျှက်
စူးငြောင့်ခလုတ် ကြံ့ကြံ့ခံလို့
တောရောက်တောင်ရောက်
မကြောက်မလန့် ချီတက်ကတ်မည်
အချင်းချင်းရာဝေ --၊၊

ထီးကျိုးစည်ပေါက်
ထီးနန်းပျောက်ကာ
အဖရက္ခ လူမူဘဝ
ချွတ်ခြုံကျပျာ
ဖက်ခွက် မြန်မာ
နယ်ချဲ့လက်အောက်
ကျရောက်သည်မှာ
ရာစု (၂) စု ကျော်ခလီပျာ
အချင်းချင်းရာဝေ --၊၊

ခက်ခဲကြမ်းတမ်း ခရီးလမ်းကို
လျှေက်ချင်သူမှာ ဟိမည်မဟုတ်
ယေကေလည်းသော့
ဘ၀ပီးတူ ကံကျိုးတူ၍..
ဝဋ်ကြီးဝဋ်ငယ် အသွယ်သွယ်နှင့်
အမျိုးဂုဏ်ရောင် ထွန်းလင်းပြောင်ဖို့
နောင်ဘ၀မဟုတ် ဒေဘ၀မှာ
ဆုံးခန်းတိုင်အောင် ရက္ခမာန်နှင့်
လက်တွဲကတ်မည်
အချင်းချင်းရာဝေ --။

သန်းစိုး (စစ်တွေ)

ကိုယ့်ပိတုန်း ကိုယ်ပြန်မျိုထားရေ မြွီ

ကိုယ့်ပိတုန်း ကိုယ်ပြန်မျိုထားရေ မြွီ
=================


ဂေါင်းပေါင်းမပေါင်းပဲ
ဧည့်ခံပွဲလားမိရေ အဖြစ်မျိုး
ဓာတ်ပုံချေထဲမှာရာ
အမှတ်တမဲ့ကေလည်း အမှတ်တရဖြစ်ခ
စေတနာပိုက်ကွန်နန့် အဖမ်းခံလိုက်ရရေ
လိပ်ပြာချေတကောင်ပိုင်….သူ့မှာ --။

ကျားဖမ်းနီကျမင်းလက်ကို ငါနားလည်ပါယင့်
လက်ဆိပ်ပြင်းလို့
နာကျင်ထိခိုက်လားရေ သူ့အတောင်ပံချေကိုတော့
မင်းသိအောင်ပြောရခက်တေ --။

သူ့ပါးကို မင်းလှမ်းကိုက်တေ
မင်းနားကို သူပြန်ကိုက်တေ
မင်းလက်ကို သူ့လူချိုးရေ
သူ့ခြီကို မင်းလူချိုးရေ
ဒေပိုင်နန့်….
အတ္တတိဂဟေဆက်ထားရေ စိတ်တိထကြွ
ပြင်းထန်လာရေ ဒြပ်မဲ့တိုက်ပွဲမှာ…
မင်းကအလဲလဲ
သူကအကွဲကွဲ
သူ့လူမင်းလူ အပြဲပြဲ
ကိုယ်ပိတုန်းကိုယ် ဒေါသနန့်ုမျိုထားရေ
မြွီတကောင်ပိုင် ဖြစ်နီမှန်း
မျက်ချီးကိုယ်စီနန့်
မင်းနန့်သူ မမြင်ခကတ် --။

စစ်မြီပြင်တခုလုံး
ပုတ်ခတ်အပြစ်တင်သံတိနန့်အပြည့်
တချိန်က ရွှီထွက်ခရေမြီမှာ
ကျုပ်တိထလို့…
ရယ်သံတိဆိတ်လို့
ပျော်သံတိပျောက်လို့
တယောက်ကိုတယောက် မယုံသင်္ကာနန့်
တချက်ချေကာလမှာ
တစပြင်ပိုင် ခြောက်သွိဆိတ်သုဉ်းလားရေ --။

တရက်တရက် ဆက်လာရေ ပြည်ဖျက်မိုး
နောက်တရက်မဆက်အောင်
သူ့ဘက်ကချထားရေ ဓါး…
မင်းဘက်ကချထားရေ သေနတ်…
ဘေးလူတိကောက်ဖို့ပြောတိုင်း
ထင်ရာမစိုင်းကဲ့ --။

သူကမ်းရေလက်နန့်
မင်းပီးရေ နွီးထွီးမှု ပွတ်တိုက်ခြင်းမှာ
ထော…ထိုမှာ
ငါရို့ရောက်ချင်ရေ ပန်းတိုင်
လက်ခနန်း လက်ခနန်း လင်းလားရေ…။

လာ…
အမြဲတမ်းအတွက် တချက်ချေ နှုတ်ဆက်ကတ်မည် --။

ညီစု (25/4/09)